ဒုတိယအကြိမ်ထွက်သွားပြီးနောက် တတိယဆိုတာ ဘယ်တော့မှမရှိတော့ဘူး။
And this is what I call THE END!
Sunday, February 14, 2010
အဆုံးသတ်
Posted by Icy Rain at 5:36 AM 0 comments
Sunday, December 20, 2009
နောက်တစ်ခေါက်
ဒုတိယအကြိမ် ပြန်လည်တည်ငြိမ်လာတဲ့ ငါ့နှလုံးသားထဲကို သူပဲ နောက်တစ်ကြိမ် ထပ်ပြီးဝင်ရောက်ခဲ့ပြန်ပါတယ်... ဟိုးအရင်တုန်းကလိုပဲ " ပျင်းလို့ စကားပြောရအောင် " ဆိုတဲ့ စကားလေးနဲ့ပဲ အစပျိုးပြီး ညတိုင်းမက်တဲ့အိပ်မက်ထဲကို မသိမသာနဲ့ နေရာပြန်ဦးခဲ့တယ်... ပထမတုန်းကတော့ " စာလုပ်နေလို့ မအားသေးဘူးနော် " ဆိုတဲ့စကားနဲ့ ငြင်းခဲ့ဖူးပေမယ့် နောက်အကြိမ်တွေမှာတော့ ကိုယ်ကိုယ်တိုင်ပဲသွားပတ်သက်မိခဲ့တဲ့ ကိုယ့်ကိုယ်ကိုလည်း အရမ်းစိတ်နာတယ်... ဒီလိုနဲ့ပဲ " ပျင်းလို့နော် သွားလိုက်ဦးမယ် " ဆိုပြီး ပြန်ထွက်ခွာသွားမယ့် အချိန်ကိုပဲ ထပ်စောင့်ရတော့မှာပေါ့...
Posted by Icy Rain at 12:26 PM 0 comments
Saturday, September 12, 2009
အပြစ်မမြင်
ချစ်သူ့ဘေးနားမှာနေတဲ့ခဏ နူးညံ့နွေးထွေးသလိုအကြည့်လေးများထဲ
တင်းထားမယ့်ဒို့စိတ်ကူးတွေ အခိုးအငွေ့ဖြစ်ကာရယ်
နှလုံးသားဟာပန်းလိုကြွေကျတယ်
မနေ့ကမင်းသတင်းတွေ ဒို့ကြားလည်း
မမေးဘူးတိုးတိတ်စွာ မြိုသိပ်ပါ့မယ်
အားလုံးကစိုးရိမ်စိတ်နဲ့ သတိပေးကြပေမယ့်
ကြားစကားလို့ရင်မှာယုံထားတယ်
အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲသိတဲ့နောက်
ဖြစ်သမျှဟာအကောင်းဆုံးပေါ့
မင်းရင်ခွင်နဲ့ ခွဲခွာနေဖို့မရဲပါဘူး
အနားနားမှာအမြဲချစ်ပါရစေ
အချစ်ကသိပ်ခက်တဲ့ ကဗျာလေးပဲ
ခွင့်လွှတ်ချစ်တတ်အောင် ဒို့ကြိုးစားကြည့်တယ်
လျှို့ဝှက်ချက်များစွာထဲမှာ အမြဲတမ်းတ၀ဲလယ်လယ်
မှားလည်းလေမှားပါစေတော့ကွယ်
အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲသိတဲ့နောက်
ဖြစ်သမျှဟာအကောင်းဆုံးပေါ့
မင်းရင်ခွင်နဲ့ ခွဲခွာဖို့လည်းမရဲပါဘူး
အနားနားမှာအမြဲရှိပါရစေ
Posted by Icy Rain at 1:15 PM 0 comments
Saturday, August 22, 2009
Wednesday, August 19, 2009
နွေဦး
နွေဦး... နွေဦးလေး တစ်ခုပိုင်ဆိုင်ခွင့် ရခဲ့တယ်... အချိန်တန်တော့ ရင်ထဲက ထွက်ခွါသွားမယ်ဆိုတာကို သိရက်နဲ့ မစွန့်လွှတ်နိုင်အောင်ပဲ စွဲလမ်းတပ်မက်ခဲ့မိတယ်... သုံးလဆိုတဲ့အချိန်လေးမတိုင်ခင်မှာပဲ နွေဦးလေးတစ်ခု ဆုံးရှုံးခဲ့ရတယ်... အဲဒီလိုဖြစ်အောင်လုပ်မိတဲ့ ငါပဲအသုံးမကျတာလား...
နင်ရည်စားတွေရှုပ်တဲ့အကြောင်း သူငယ်ချင်းတွေသတိပေးကြပေမယ့် ငါလျစ်လျူရှုခဲ့တယ်... နင့်အပေါ်မှာ သံသယပေါင်းစုံ ရှိခဲ့ပေမယ့် နင်ငါ့အပေါ်မှာ သစ္စာရှိမှာပါလို့ ငါ့ကိုငါ လိမ်ခဲ့တယ်...
ငါတို့တစ်ယောက်ကိုတစ်ယောက် သိခွင့်မရှိတဲ့အချစ်တွေကို အချိန်ကာလတစ်ခုက သက်သေပြသွားမှာပါလို့ ယုံကြည်ခဲ့တယ်... အချိန်ကာလတစ်ခုမှာပဲ နင်ငါ့ကိုအဆက်ဖြတ်ခဲ့တယ်...
ဒါပေမယ့်... ငါနင့်ကို... ငါနင့်ကို အရမ်းချစ်တယ်... အဲဒါတွေ နင်ဘယ်တုန်းကမှ မသိခဲ့ဘူး... ဘယ်တော့မှလည်း သိနိုင်မှာမဟုတ်ဘူး... နင် ငါ့ဘ၀ကြီးကို ကစားစရာတစ်ခုလို သတ်မှတ်ခဲ့တယ်...
ငါတို့ရဲ့ ဇာတ်လမ်းလေး မစခင်မှာပဲ အဆုံးသတ်သွားခဲ့တယ်...
March လကုန်လောက်မှာ မက်ခွင့်ရခဲ့တဲ့ အိပ်မက်လေး June လဆန်းပိုင်းမှာတင် ယတိပြတ်ပြီးဆုံးခဲ့ရတယ်... ငါ့အတွက်တော့ အိပ်မက်ဆိုတာ nightmare သက်သက်ပဲလား...
နောက်တစ်ကြိမ် ချစ်ခွင့်ဆိုတာ ရှိပါဦးတော့မလား...
နွေဦးရယ် ငါနင့်ကို နာနာကျည်းကျည်းမုန်းတီးမိတယ်... နောက်ဆို ချယ်ရီတွေပွင့်တိုင်း ငါတစ်ယောက်တည်း လွမ်းနေရတော့မှာ...
Posted by Icy Rain at 12:23 AM 0 comments
Sunday, August 16, 2009
သို့
ဒို့နှစ်ယောက် ပြန်ဆုံခဲ့ရင် သူစိမ်းသိပ်ဆန်နေမယ်
အပြုံးတစ်ဝက် အနေခက်လို့ ဟိုတစ်ချိန်များ သတိရနေခဲ့
ရင်မှာမြတ်နိုးစွဲလမ်းဖူးတဲ့ မင်းမျက်နှာလေးရယ်
အကြင်နာအရိပ်များ မှုန်ရီေ၀၀ါး တည်ငြိမ်စွာရင်ဆိုင်နိုင်မှာလားကွယ်
မပျက်မကွက် ရာသီများစွာ အလွမ်းနဲ့ရစ်နှောင်ဆဲ
မမေ့တစ်ရက် ညှင်သာနှိပ်စက် ယဉ်ယဉ်လေးရူးခဲ့ပြီပဲ
ရင်ခုန်စေသောအနမ်းရဲ့အရိပ်မှာ အိပ်စက်ချင်သေးတယ်
နေမ၀င်အချစ်များ သယ်ဆောင်ယူသွား ကြွေလွယ်သူကိုချွေလေတာလားကွယ်
ကိုယ်မေ့မရနိုင်တဲ့ အချစ်ဆုံးရယ် ရင်ခွင်ထဲတမ်းတနေဆဲ
အိပ်မက်တွေချိုစေသူလေး မင်းအခုဘယ်မလဲ
မျှော်လင့်ရင်းနဲ့မောတယ် အချစ်ရယ်
Posted by Icy Rain at 4:06 AM 0 comments


